လှိုင်းဘွဲ ဇန်နဝါရီ ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ အောင်မြင်သာယာဘုန်းတော်ကြီးကျောင်းရှေ့၊ ဒိုင်းပြကျေးရွာ၊ ကွမ်ဘီကျေးရွာနှင့် မြိုင်ကြီးငူ အထူးဒေသတို့တွင် ကရင်အမျိုးသားအားလုံးတို့၏ တန်ဖိုးထားရသော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို အမြဲသတိရစေရန်၊ ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို တန်းဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကရင်လူငယ်များအနေဖြင့် မိမိရိုးရာဓလေ့များကို မပျောက်ပျက်အောင်၊ တိုးတက်ပြန့်ပွားအောင်နှင့် အဓွန့်တည်တံ့ခိုင်မြဲအောင် ထိန်းသိန်းစောင့်ရှောက်နိုင်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)