နမ္မတူ ဇန်နဝါရီ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လအတွက် နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာ၌ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့သို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာတွင် ခိုဖိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးဂမ်ဒွတ်နှင့်ရပ်ကျေးစားရေးတို့က ခိုဖိတ်ကျေးရွာရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၀၀၀၀) ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခိုဖိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။
လူမော် (ပြန်/ဆက်)