ပိုင်ကျုံမြို့၊ ပေါက်​လောက်ကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ   ဇန်နဝါရီ   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ပေါက်လောက်ကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ကပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးရွာမှတာဝန်ရှိသူများက ကျေးရွာအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၉)ဦးအတွက် တစ်ဦးလျှင် ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၀၀၀၀/-) ကျပ်တိတိကို လူမှုရေးပင်စင် ခံစားခွင့်ရှိသူအဘိုးအဘွားများထံ လက်ဝယ်အရောက် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)