ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေး  လိုက်လံနှိုးဆော်

ကျိုက်လတ် ဇန်နဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ က မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်လတ် မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံ အများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ ပြင်ပမှ လာသော ဧည့်သည်များအား လက်မခံရန် ၊ နှာခေါင်းစည်း မတပ်ဆင်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် ၊ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန် ၊ မိမိ တွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများ သို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြပါရန် နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကိုလည်း မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော် ကြေညာခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်