ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈) ကြိမ်မြောက်ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကျင်းပ

 ရန်ကုန် ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ နန်းဦး ဘုရားကြီးတန်​ဆောင်း၌ (၄၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကိုယ​နေ့ မွန်လွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကိုနမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်များက ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော် အလှည့်ကျ ဂေါပကဦးလှမြင့်က (၄၈)ကြိမ်​မြောက် ဗုဒ္ဓပူဇနိယပွဲ​တော်၊ သံဃပူစာအ​နေဖြင့် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍​ လျှောက်ထားတင်ပြသည်။

ထို​နောက်နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာ​တော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ​ကောဝိဒ ဆရာ​တော်ထံမှ ပရိတ်သတ် များက အနု​မောဒနာတရားနားယူ၍ လှူဒါန်းမှုအလှူဒါန အစုစုတို့အတွက်​ရေစက်သွန်းချအမျှပေး​ဝေခဲ့ကြသည်။

ဆက်လက်၍အခမ်းအနားကိုဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆိုရုပ်သိမ်းပြီးဗိုလ်တ​ထောင်ကျိုက်​ဒေးအပ် ဆံ​တော်ဦး​စေတီ​တော်​ဂေါပကအဖွဲ့၏ နှိုး​ဆော်ပန်ကြား​မေတ္တာရပ်ခံမှုဖြင့် အလှူရှင်သူ​တော်စင် အ​ပေါင်းတို့က သံဃာပူဇာအဖြစ်​ ဂေါတမဗုဒ္ဓမြတ်စွာ ဘုရားရှင်အား အမှူးထားပြီး ဆရာ​တော်သံဃာ​တော်အရှင်သူမြတ်(၁၀၈)ပါးသီလရှင်(၃၆)ပါးတို့အား​စေတီ တော်ရင်ပြင်ပတ်လည်၌ လှူဖွယ်ဝတ္ထု အစုစုတို့ကို​ လောင်းလှူခဲ့ကြ​ကြောင်းသိရှိရသည်။

​အောင်မြင့်