ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ငါ့သရောက် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုထုတ်ဝေသည့်၊ သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းများက၊ ယနေ့နံနက်(၁၀)နာရီက ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ရသည့် နှစ်ပေါင်း (၁၀၀)ကျော်အတွင်း တိုင်းရင်းသားပေါင်းစုံတို့၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျောက် ချုပ်ဆိုခဲ့သည့် ကန္နီစာချုပ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ လက်ျာ-ဖရီးမင်းစားချုပ်၊ နု-အက်တလီ စာချုပ်တို့ဖြင့် လွတ်လပ်ရေးရရှိအောင် အဆင့်ဆင့် ကြိုးပမ်းခဲ့ရပုံနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦး တည်ချက်(၄)ရပ်တို့အပြင် လွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး၊ လူတန်းစားအားလုံး၊ အဖွဲ့အစည်းအားလုံး ရိုသေကြရမည်၊ ကာကွယ်ကြရမည် အစရှိသည့်တို့ကို ကျောင်းသားကျောင်းသူများနှင့်ပြည်သူများ လေ့လာသိရှိနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံ၍ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)