သတင်းများ

ရွှေကျင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြည်သူများ နေ့ထူးနေ့မြတ်အကြောင်းများ သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်မြို့အဝင်မင်္ဂလာမုခ်ဦး၊ အခြေခံပညာကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မိုင်းခုတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစာပြိုင်ပွဲများ ကျင်းပ
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ပေး
Jan 03,2022
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကစ၍ အောင်သုခရပ်ကွက်ရှိ ကျန်းမာရေးဆေးပေးခန်း၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 03,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများထံ အခမဲ့သွားရောက် ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
တနင်္သာရီ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများ စည်ကားစွာကျင်းပ
Jan 03,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ ၂၀၂၂ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် ကျောင်းသူ/သားများအား ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများကို ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရင်းနှီးခင်မင်မှုပိုမိုရရှိစေရန်နှင့် အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ဇန်နဝါရီလ ၂ ရက်မှစ၍ မြို့မအားကစားကွင်းအတွင်း ပျော်ရွှင်စွာကျင်းပပေးလျက်ရှိရာ ဇန်နဝါရီလ ၃ ရက် နံနက်၈  နာရီအချိန်က အမျိုးသားလွန်ဆွဲပွဲ၊ အမျိုးသမီးထုပ်ဆီးထိုးပြိုင်ပွဲများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် (၂၀၂၁-၂၀၂၂) ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၇၉၉) ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါးစိုက်ဧကအားလုံး ရိတ်သိမ်းပြီး ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ငရုတ်ကောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လည်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။