ဟိုပုံး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၂)အုပ်စုဖြင့် အသင်း(၆)သင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမဦးဆုံးပွဲစဉ်အဖြစ် အိုက်ခန့်ဘောလုံးအသင်းနှင့် ရွှေဟင်္သာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အိုက်ခန့်ဘောလုံးအသင်းက ရွှေဟင်္သာဘောလုံး အသင်းကို ၆ဂိုး ၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်များအား အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆီးမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲစဉ်များအား ဇန်နဝါရီလ(၄)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဘော်လီဘော အသင်း(၅)သင်း၊ ပိုက်ကျော်ခြင်း(၁၀)သင်းနှင့် အခြားပျော်ပွဲရွှင်ပွဲများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)