မိုင်းငေါ့ ဇန်နဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Sinopharm အမျိုးအစားကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား (၅၀)ဦး ၊ မ (၄၅)ဦး စုစုပေါင်း (၉၅) ဦးတို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းကြီးကျောင်း အတုလဇေယျဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေးစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်( ပြန်/ဆက်)