ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သွားမည်

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို  ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်း ကျေးရွာအုပ်စုတွင် (၆.၁.၂၀၂၂)ရက်နေ့မှ (၇.၁.၂၀၂၂)ရက်နေ့ထိလည်းကောင်း၊ မရမ်းကွင်း ကျေးရွာအုပ်စုတွင်(၈.၁.၂၀၂၂)ရက်နေ့မှ (၉.၁.၂၀၂၂)ရက်နေ့ထိ လည်းကောင်း ၊  အမှတ်(၃)ရပ်ကွက် တွင် (၁၀.၁.၂၀၂၂) ရက်နေ့မှ (၁၁.၁.၂၀၂၂)ရက်နေ့ထိလည်းကောင်း ကျေးရွာအုပ်စု အသီးသီးတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံး က  တာဝန်ရှိသူထံမှသိရသည်။

နွေးနွေးအောင်ကြွယ်