စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဇနန်ဝါရီ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင်  ယနေ့နံနက်  (၁၁) နာရီက    စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းနှင့် ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကိုပျိုးထောင်ပေးပ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်များ စာဖတ် သည့် အလေ့အကျင့်ကောင်းများရရှိစေရန်  စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသု တရင့်သန်တိုးပွား လာစေရန်၊ အမှားအမှန် ချင့်ချိန်ဝေဖန်တက်စေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး   စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေဦးဝင်းကြည်က  စာရေးဆရာ နတ်သျှင် (ရွှေဂူ) ၏  "လူငယ်များကိုပျိုးထောင်ပေးပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊   စာရေးဆရာနန်းမျိုးဝင်းမှ" မိတ်ဆွေကောင်းနှင့်ခရီးသွားပါ"  ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။

ဆက်လက်၍  စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကိုကိုတင်အေးက "ပတ်ဝန်းကျင် ကောင်းကို တန်ဖိုးထားပါ"  ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီးနောက် စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင်များက  စာအုပ်ပါအခန်းကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာသော စာပေဝါသနာရှင်များ ကလည်း စာအုပ်ပါ အခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း