လက်ပံတန်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းတွင်း စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာ စွမ်းရည်၊ နှုတ်မှုစွမ်းရည်များရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ အထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို "လွတ်လပ်ရေး အမွေနှင့် အနာဂတ်မျိုးဆက်သစ်တို့တာဝန်" ခေါင်းစဉ်ဖြင့် ကျင်းပပြီး အထက်တန်း၊ အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်များကို "နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွတ်လပ်ရေးသည်မရှိမဖြစ် လိုအပ်သည့် ပင်မရင်းမြစ် အသက်သွေးကြောဖြစ်သည်"၊ "လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွား သွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲ ညီကြမည်"၊"(၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီသို့ဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့" စသည့် ခေါင်းစဉ် တို့ဖြင့် ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြသည်။
အဆိုပါပြီုင်ပွဲတွင် ဆုရရှိသူများအား လွတ်လပ်ရေးနေ့တွင်ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး