သတင်းများ

ညောင်‌လေးပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံး ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့ထိ အမှတ်(၇) ရပ်ကွက်နှင့် ပါစန် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
လဲချားမြို့နယ် အမှတ်(၆၄) ခြေလျင်တပ်ရင်းတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့ အမှတ်(၆၄) ခြေလျင်တပ်ရင်းရှိ မိသားစုများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက  ယနေ့ နံနက်( ၉) နာရီက  ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
လယ်​ဝေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Jan 07,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
မိုင်းဖြတ်၌ အ.ထ.က(မိုင်းဖြတ်)ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည့် အထက(မိုင်းဖြတ်)၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေ အနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 07,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
မြိတ်မြို့ ပြည်သူလူထုများစုပေါင်းပြီး လူနာတင်ယာဉ်တစ်စီး မြိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ လှူဒါန်း
Jan 07,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ပိုမိုအဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း ပြီး ဝယ်ယူထားရှိသည့် လူနာတင်ယာဉ်တစ်စီးကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနသို့ လှူဒါန်းခဲ့ကြသည်။