စဉ့်ကိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်တွင် Online ဝန်ဆောင် မှုစနစ်ဖြင့်စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီက စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရရှိစေရန်စာရေးဆရာ ရဲသျှမ်းနှင့် ကြည်လွဲမိုးတို့ရေးသားသည့် နေရာလွတ်နှင့် ဇ-ဇရပ်မှာ တည်းခိုပါ ရသစာတမ်းများ စာအုပ်အား ဆွေးနွေးတင်ဆက်ခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူဆီသို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့်လည်း ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိ ကြောင်းသိရသည်။
ညိုညိုဝင်း