နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေး

နောင်ချို ဇန်နဝါရီ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြန်ကြရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ် နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်အိအိစိုး၊ (Book Club) အတွင်းရေးမှူး ဦးအေးမြင့်၊ Women Club အဖွဲ့ ဒေါ်နှင်းသဇင်စိုးတို့က စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏  ဒေးလ်ကာနက်ချီ၏ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း စာအုပ်ပါ အကြောင်းအရာ များနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင် ဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင် များနှင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ၌  လစဉ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)