ငပုတော ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ (၅)ရက်နေ့မှ စတင်၍ ပထမနှစ်ဝက် စာမေးပွဲများ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပထမနှစ်ဝက်စာမေးပွဲသည် အ.ထ.က ငပုတောမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား /သူ များ ဖြေဆိုကြရပြီး ယနေ့ တတိယနေ့ စာမေးပွဲတွင် အလယ်တန်းဆင့် အနေဖြင့် စာဖြေသူ (၅၀၆)ဦးသည် သမိုင်းနှင့် သိပ္ပံဘာသာရပ်၊ အထက်တန်း(၄၅၈ )ဦးသည် ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်နှင့်သမိုင်း ဘာသဘာရပ်များကို ဖြေဆိုကြသည်။ ငပုတောမြို့နယ် အခြေခံပညာအထက် တန်းကျောင်း တွင်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၆၄)ဦးသည် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင် ထံမှသိရသည်။
နုနုအေး ( ပြန်/ဆက်)