ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် မိုင်းတုံမြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့

မိုင်းတုံ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီခွဲက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြို့နယ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဝန်ထမ်းများနှင့် Volunteer များကို လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားပြီးနောက် ငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌ ဦးလွင်မိုးက လက်ခံရယူပြီး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက PPE(၂၅)ဖာ၊ RDTT  Test  Kit (၅၀၀)ပါတစ်ဖာ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ကြာပန်းဆေး (၂၀၀)ဗူး၊ ၊Mask (၈)ဖာနှင့် ၄ဗူး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က လက်သန့်ဆေးရည် ဗူးကြီး(၁၀၀)ဗူးတို့ကို အသီးသီးပေးအပ်ရာ မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သက်ခိုင်မင်းမှ လက်ခံရယူသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)