မွန်ပြည်နယ်ဝန်ကြီးချုပ် သံဖြူဇရပ်မြို့၊ ကျောက်ကပ်တုသွေးသန့်စင်ဌာနဖွင့်ပွဲနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှု

သံဖြူဇရပ် ဇန်နဝါရီ ၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဇီဝိတဒါနဆေးအလှူ တော်ရုံ၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မပီယ(အရှင်သုည)၏ သက်တော်(၅၀)ပြည့်(ရွှေရတု) ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားနှင့် ကျောက်ကပ် တုသွေးသန့်စင်ဌာနဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောက်ကပ်တုသွေးသန့်စင်ဌာနကို ဆရာတော် ဘဒ္ဒန္တဓမ္မပီယ(အရှင်သုည)နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကျောက်ကပ်ဆေးနေမှုတို့ကို ကြည့်ရှု အားပေးသည်၊၊

အဆိုပါဇီဝိတဒါန ဆေးအလှူတော်ရုံတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များက အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ်သည်များကိုလည်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ ကျိုက္ခမီ-ကဒတ်ထောက်-ကရင်သောင်-စက်စဲ ကမ်းခြေ ပတ်လမ်းခင်းကျင်း ဆောင်ရွက်နေမှု၊ မုဒုံ​မြို့နယ်၊  ဆက်သွယ်ကျေးရွာ အဝင်လမ်းတို့အား ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နှင့် မြို့ပြဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက် ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်နိုင်ငံတော်၏ ထောက်တိုင်များဖြစ်သည့် အားလျော်စွာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊  ဌာနဆိုင်ရာ များမှလည်း မိမိတို့သက်ဆိုင်သည့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်ကန် မြန်ဆန်စွာဆောင်ရွက်သွားရန် လိုကြောင်းပြောကြားသည်။ ထို့အတူ သက်ဆိုင်ရာ မြို့နယ်များအလိုက်ဆောင်ရွက်သည့် လမ်း၊ တံတား၊ အဆောက်အဦများ စံချိန်၊ စံညွှန်းပြည့်မီ ပြီးစီးရေး အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)