ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းကတ္တရာလမ်းခင်းခြင်း ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်

ဇလွန် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းကတ္တရာလမ်းခင်းခြင်းဖွင့်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင်  ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)မှ ကတ္တရာလမ်းဆောင်ရွက်ခဲ့မှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံ ပြည်သူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက်ပဆင-ဓနုဘေး-သက္ကယ်ကျွန်း လမ်းကတ္တရာလမ်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါလမ်းအား (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၁/၀.၁၅)မိုင်နှင့် (၂၀၂၀-၂၀၂၁)ခုဘဏ္ဍာရေးနှစ်တွင် (၁/၀)မိုင်ကတ္တရာခင်းခြင်း လုပ်ငန်းအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)