ညောင်တုန်း ဇန်နဝါရီ ၉
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြို့အဝင်လမ်း၊ ကြိုဆိုပါ၏ ပန်းခြံဝန်းကျင်၊ မြို့မစျေးအနောက်ဘက်၊ ဗိုလ်ချုပ်ကြေးရုပ် ဝန်းကျင်နှင့် ခိုင်ရွှေဝါလမ်းမကြီးတလျှောက် လမ်းဘေး ဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများနှင့် ပြည်သူများက လမ်းဘေးဝဲယာရှိ ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)