ထီးချိုင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ထီးချိုင့် ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသားကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် မောင်းကုန်းကျေးရွာ အုပ်စု၊ မောင်းကုန်းကျေးရွာ  ကံသစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်လဝကဦးစီးမှူးရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)