သတင်းများ

စဉ့်ကိုင်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား လူဝန်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက်(၈)နာရီက မီးသွေးဘုတ်ကျေးရွာနှင့်   ကသဲကုန်းကျေးရွာတို့တွင် နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသူများအား  အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တက္ကသိုလ်တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
မိတ္ထီလာမြို့နယ်  ညောင်ပင်သာကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တံခွန်စိုက်ဆုဖလား(၃)ခုရရှိသော မြို့နယ်ပြေးခုန်ပစ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား(၃)ခု ရရှိသော ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် လဲဘူးကျေးရွာတွင် ဖျာယက်လုပ်ငန်းကို နှစ်စဉ်ရိုးရာမပျက် ယက်လုပ် လျက်ရှိ
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လဲဘူးကျေးရွာရှိ ဒေသခံပြည်သူများက မိရိုးဖလာမိသားစု တနိုင်တပိုင် လုပ်ငန်းဖြစ်သည့် ဖျာယက်လုပ်ခြင်းလုပ်ငန်းကို နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင် ရောင်းချပြီး မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ အခြေခံပညာ စာသင်ကျောင်းပေါင်း(၁၉၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jan 10,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၁၉၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းတစ်​လျှောက် စုပေါင်းသန်ရှင်း​ရေးများ​ ဆောင်ရွက်
Jan 10,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာ​ရေး၊ မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများစု​ပေါင်း၍ လမ်းမကြီးများတစ်​လျှောက် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့်ကားမှတ်တိုင်များ ရေ​ဆေးခြင်း ဆောင်ရွက်​ပေးလျှက်ရှိပါသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။