ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် လုပ်သား ၁၄၅ ဦးအား နေရပ်ဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်

ကျိုင်းတုံ  ဇန်နဝါရီ  ၉

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် မြန်မာလုပ်သား ၁၄၅ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ ညနေ ၅ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး  တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆာင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်နိုင်ငံမှ ပြန်လာသူများအား တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ ဝမ်လုံး (Quarantine Center) တွင် အသွားအလာကန့်သတ်ထားရှိကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဇန်ဝါရီ ၈ ရက်က ပြန်လာရာ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ရောက်ရှိခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လူဦးရေစိစစ်ခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးသည်။ ပြန်လည်ဝင်ရောက်လာသူများအနက် ကျိုင်းတုံမြို့နယ်မှ ၃ ဦးအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ ပို့ဆောင်ပေးကာ ကျန်နေရပ်ပြန် ၁၄၂ ဦးအား နေရပ်ဒေသအသီးသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)