မိုင်းရှူးမြို့၌ ရှေးဦးပြုစုနည်း အခြေခံ(မွမ်းမံ)သင်တန်း ဖွင့်လှစ်

မိုင်းရှူး  ဇန်နဝါရီ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးပို့ချသည့် ရှေးဦးပြုစုနည်း အခြေခံ (မွမ်းမံ)သင်တန်းကို ယနေ့နံနက်၁၀နာရီအချိန်က ရပ်ကွက်(၄)ရှိ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်းနေအိမ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မိုင်းရှူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစိုင်းစိုးထွန်း (တပ်ဖွဲ့မှူး)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြီး သင်တန်းကိုစတင်ရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစိုင်းစိုးထွန်း(တပ်ဖွဲ့မှူး)ဦးဆောင်ကာ ဒေါ်နန်းမွမ်းဆာ(တပ်ခွဲမှူး)၊ ဒေါ်နန်း ညွန့်စိန်(တပ်ခွဲမှူး)၊ ဒေါ်နန်းလှနွယ်(တပ်စုမှူး)တို့က အရေးပေါ်ရှေးဦးပြုစုနည်းဆိုင်ရာများ၊ PPE ဝတ်စုံဝတ်ဆင်နည်း/ချွတ်နည်းနှင့်  Oxygen အသုံးပြုနည်း စသည့် သင်ခန်းစာများနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ ပို့ချ​ပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ကာ သင်တန်းသို့ သင်တန်းသား(၁၀)ဦး၊ သင်တန်းသူ(၂၀)ဦး၊ ပေါင်း (၃ဝ)ဦးတက်ရောက်ပြီး ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၁၀ ရက်နေ့အထိ(နှစ်ရက်တာ) သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)