သတင်းများ

အင်္ဂပူမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် Phase -6  ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အမှတ် (၁) ရပ်ကွက် ချယ်ရီလမ်း(တောင်)ရှိ မိခင်နှင့် ကလေးဆေးခန်းဆေးထိုးစုရပ်တွင်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား Phase-6 (ပထမအကြိမ်) ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး
Jan 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန မြို့ဦးစီးမှူး(ရုံး) (ရှေ့တန်းရုံး)မှ ယမန်နေ့က တုန်ဟုန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်မိုင်၊ ရွာမ၊ မတ်လန်းကျေးရွာ(၃)ရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။
တာမွေမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ် တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်း များ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ် ကျင်းပသော "မိခင်၏ စွန့်လွှတ်အနစ်နာခံမှု" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပစေရေး စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုဆောင်ရွက်
Jan 11,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သာယာလှပစေရန်အတွက်စုပေါင်းအမှိုက် ကောက် လှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီက ချောင်းသာကမ်းခြေတစ်လျှောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများသတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ရှမ်းဘာသာ/မြန်မာဘာသာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး သန့်ရှင်းရေးဆောင်ရွက်
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် သန့်ရှင်းရေးများဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းပဉ္စမမြောက်နေ့ ဆက်လက်ပို့ချပေး
Jan 11,2022
မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဖွင့် လှစ်ခြင်းကို ဇန်နဝါရီ၇ရက်မှစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်း တွင်း ပဉ္စမမြောက်နေ့ အဖြစ် ဆက်လက်သင်ကြားပို့ချပေးလျက်ရှိသည်။
ကြက်ခြေနီအသင်း(အင်းစိန်)က ပြည်သူများအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Jan 11,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက်သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။