ကျောင်းကုန်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ် အောင်အောင် တို့အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ကျင်းပပြုလုပ်သော အကြမ်းဖက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိပြည်သူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိမိမြို့နယ် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများကိုသက်စွန့်ကြိုးပမ်းဝိုင်းဝန်း ဖမ်းဆီးပေး ကြသူများအားလုံးကို ဂုဏ်ယူပါကြောင်းပြောကြားပြီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်အောင်အောင်က ဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်တဲ့အတွက် အကြမ်းဖက် သမားများ ကို ယခုလိုမြန်မြန်ဆန်ဆန် ဖမ်းမိရမိခြင်းဖြစ်ကြောင်း၊ တာဝန်သိပြည်သူများက ရဲရဲဝံ့ဝံ့ စွန့်စွန့်စား စား ဖမ်းဆီးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀)နှင့် စားသောက်ကုန်ပစ္စည်း ယမ်ယမ်(၆)ဖာ ပေးအပ်ပြီး၊ အ နောက်တောင်တိုင်း စစ် ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်အောင်အောင် က ဂုဏ်ပြုငွေကျပ် (၁၉)သိန်းနှင့်စားသောက်ကုန်ပစ္စည်း ရွှေဖီဦးလ္ဘက်ခြောက် (၂၀)ထုပ်၊ မှော်ဘီခေါက်ဆွဲ(၂၄)ထုပ်၊ နှာခေါင်းစည်း(၁၀)ဗူးနှင့်ကြက်ဥ(၂၄၀) လုံးအသီးသီးပေးအပ်ရာ ဦးသီဟဇော်နှင့်အဖွဲ့ကလက်ခံရယူခဲ့ကြသည်။ဆက်လက်၍ အကြမ်းဖက် သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးသော တာဝန်သိပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊အနောက် တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှုးဗိုလ်ချုပ်အောင်အောင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှုးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအဆင့်၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်သိပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)