သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၇၃ ဒသမ ၄၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်

သာစည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ ၇၃ ဒသမ ၄၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်   ပန်းခင်းစီမံချက်ကို  ၂၀၂၁  ခုနှစ် မေ ၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး    ပန်းခင်းစီမံချက်လျာထားချက်ကို သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးမြောက်နိုင်ရန်    ယခု နှစ်ဇန်နဝါရီ ၁ ရက်မှ စ၍door to door တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရပြီးယနေ့တွင် တောင်ပေါ်ဒေသကျေးရွာတစ်ရွာ အပါအဝင်ကျေးရွာ ၆ ရွာနှင့်မြို့နယ်ဦးစီးမှူးရုံးတို့၌ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား နိုင်၃(က) ၂၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်၆(က)  ၈၈ ဦးကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ပေးရန်    လျာထားဦးရေ  ၁၁၉၅၆  ဦးရှိရာ ယနေ့အထိဆောင်ရွက်ပြီးဦးရေ  ၈၇၇၇  ဦး ရာခိုင်နှုန်းအားဖြင့် ၇၃ ဒသမ ၄၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံကသိရသည်။                                    မြို့နယ်(ပြန်/ဆက်)