တွံတေး၌ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန်ကြေးရုပ်တု (၂)နှစ်ပြည့်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပ

တွံတေး ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် တွံတေးမြို့ဂုဏ်ဆောင် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန်၏ ကြေးရုပ်တု (၂)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို တွံတေးသိန်းတန်ရုပ်တုဖြစ်မြောက်ရေး ကော်မတီနှင့် တွံတေးသိန်းတန် မိသားစုတို့က တွံတေးသိန်းတန်သီချင်းများကို ချစ်မြတ်နိုး၊ ကြိုက်နှစ်ကြသူများအတွက် သတိရ အမှတ်ရကြစေရန် ယနေ့ နံနက် ၈ နာရီက ဓမ္မလင်္ကါရပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ဂီတမှူးစန္ဒရားမောင်သိန်းမင်း တေးဂီတအဖွဲ့ဖြင့် တစ်ချိန်က ဂန္တဝင် အဆိုတော် တွံတေးသိန်းတန်၏ ကျော်ကြားခဲ့သော တေးသီချင်းများအား တွံတေးသိန်းတန် အမှတ်တရ အလွမ်းပြေတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းများ ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တွံတေးသိန်းတန်၏ ကြေးရုပ်တုကို ရှမ်းစုကျေးရွာအုပ်စု၊ ညောင်းတံခါးကျေးရွာအဝင်၊ ဘုရင့်နောင်လမ်းဆုံလမ်းခွ လမ်းအလယ်ကျွန်း၌ ရုပ်တုကိုထားရှိထားကြောင်း သိရသည်။ တွံတေးသိန်းတန်ကြေးရုပ်တုကို ကြေးပိဿာချိန်(၁၁၀)နှင့် အမြင့်()ပေ ()လက်မရှိကြောင်း တွံတေးသိန်းတန် ကြေးရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

တွံတေးသား