ပြင်ဦးလွင်မြို့တွင် နို့စားနွား မွေးမြူရေးသင်တန်း ဖွင့်လှစ် 

ပြင်ဦးလွင်     ဇန်နဝါရီ    ၁၁  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ နို့စားနွား မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက  ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မွေးမြူရေးတာဝန်ခံများ တက်ရောက်ကြသည် ။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်အေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော နို့စားနွား  မွေးမြူသူများအား တိ ရစာ္ဆန်အစာအိတ်များ ဖြန့်ဝေပေးခဲ့၍  သင်တန်းနည်းပြဆရာများမှ နို့စားနွား မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူခြင်း၊ နို့စားနွားများကို စနစ်တကျ ထိန်းသိမ်း မွေးမြူခြင်း ၊ မြက်စိုက်ပျိုးခြင်းနှင့် မျက်ချဉ်ဖတ်ပြုလုပ်ခြင်း၊ မေထုန်မဲ့ သားစပ်ခြင်း/မျိုးမြှင့်တင်ခြင်း၊  နို့စားနွား ရောဂါများနှင့် ကာကွယ်ကုသခြင်းနှင့် နို့စားနွားများကို အစာအဟာရမျှတစွာ ကျွေးမွေးခြင်း စသည်တို့ကို သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သင်တန်းကာလ ( ၂ ) ရက်ဖြင့်  နံနက် (၉) နာရီခွဲအချိန်မှ ည (၇) နာရီခွဲအထိ  စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ   မြို့နယ်အတွင်းရှိ မွေးမြူရေးတာဝန်ခံ  (၃၀) ဦး တက်ရောက်ပြီး သက်ဆိုင်ရာ  မွေးမြူရေး လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချ မွေးမြူသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)