ရေဖြူမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစား(Fitness Dance)အက ရိုက်ကူးထုတ်လွှင့်

ရေဖြူ  ဇန်နဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာ ရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား(Fitness Dance)အကအစီအစဉ် ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးခြင်းများ ဆောင်ရွက်ရာတွင်  ပြည်သူများ  ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပြည်သူများ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများတွင် အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါ ကစားနိုင်စေရန် ရည်ရွယ်၍  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး  အားကစားနှင့် ကာယပညာဦးစီးဌာန၏ ပြိုင်ပွဲ ပွဲစဉ်တစ်လျှာက်ပါဝင်ခဲ့ကြသော ကျောင်းသူလေးများက သရုပ် ပြ တင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ရေဖြူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Yephyu Facebook Page တို့တွင်  အပတ်စဉ် တနင်္လာနေ့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ