ကျိန္တလီ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ ဦးခိုင်မိုးမင်း (ရုပ်/သံကျွမ်းကျင်-၃)က စာအုပ်ပြပွဲပြုလုပ်ရခြင်းမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေ့သည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အတွက် ယခုအခါတွင် ကျိန္တလီမြို့၊ ပြည်သူ့စာကြည့်တိုက်အား ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူ လူငယ်များအကြိုက် ရုပ်ပြစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် ကဗျာစာအုပ်များအား လာရောက် ငှားရမ်းဖတ်ရှုနိုင်ပြီးဖြစ်ကြောင်း အသိပညာဗဟုသုများ ရရှိစေရန် ရည်ရွယ်ပြီး စာအုပ်ပြပွဲပြုလုပ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဓာတ်ပုံပြပွဲပြုလုပ်ဆောင်ရွက်ရခြင်းမှာ ယခင်နှစ်က ကျိန္တလီမြို့ Community Centreခန်းမတွင် ကျောင်းသား/သူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သော ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ ပန်းချီဆွဲပြိုင်ပွဲများ၊ ပုံပြင်ပြော ပြိုင်ပွဲများနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသော မှတ်တမ်းများအား ပြပွဲပြုလုပ်ရသည့်အတွက် လာရောက် ကြည့်ရှုသော ကျောင်းသား၊ ကျောင်းသူများမှာ ကိုယ်တိုင်ပြိုင်ဆိုင်လိုသည့် စိတ်ဓာတ်၊ အတုယူလိုသည့် စိတ်ဓာတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဓာတ်ပုံပြပွဲကိုပြု လုပ်ခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)