ဟိုင်းကြီးကျွန်းမြို့ ၊ ကညင်ချောင်း ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး  ၊ ပုသိမ်ခရိုင် ၊   ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်း  ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့ရှေ့တန်းရုံးမှ  ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို (၁၀)ရက်နေ့ မှ (၁၁) ရက်နေ့ထိ နှစ်ရက်ကြာ ကညင်ချောင်းကျေးရွာ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်းဓမ္မာရုံတွင်  ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက်နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၃(က) တွင် အမျိုးသား ၊ အမျိုးသမီး  စုစုပေါင်း ( ၁၈ )ဦးကိုလည်းကောင်း၊ ၁၈နှစ် နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၆၂)ဦးကို လည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် အမျိုးသား ၊ အမျိုးသမီး  စုစုပေါင်း ( ၁၂)ဦးကို လည်း ကောင်း၊ ပျောက်ဆုံး၊ပျက်စီးထုတ်ပေးခြင်း တွင် အမျိုးသား ၊ အမျိုးသမီး စုစုပေါင်း( ၁၀၂) ဦးကိုလည်းကောင်း ကတ်အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ ကညင်ချောင်း ကျေးရွာတွင် အမျိုးသား ၊အမျိုးသမီး  စုစုပေါင်း(၁၉၄)ဦးဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ်