မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်

မံစီ      ဇန်နဝါရီ    ၁၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့်  “ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်မြတ်နန်းခိုင်က ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ စာပေချစ်မြတ်နိုးသူ အချင်းချင်းပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက  စာရေးဆရာ အောင်သင်းရေးသားထားသည့်  “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ”   စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ   ခေါင်းစဉ်တစ်ခုစီဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများကို အပြန်အလှန် သုံးသပ်ဆွေနွေးခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်