မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က  ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင်တက်ကြွ လန်းဆန်းစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ပရိသတ်တိုးပွားလာ စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ မူလတန်းအဆင့် ပုံပြင် ပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်/ဆက် ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်  ကျောင်းအုပ်ဆရာကြီးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။         

စန္ဒာမိုး(ပြန်/ဆက်)