လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လောင်းလုံး ဇန်နဝါရီ  ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီ အချိန်က ပြင်ချောင်းကျေးရွာအုပ်စု၊ မြခါးပတ်ကျေးရွာ၊ အ-မ-က ကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက မြခါးပတ်ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကပ်ပြား အသက်(၁၀) ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် လဲလှည်ပေးခြင်းတို့အား  ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့်(၈)ဦး၊ အသက် (၄)နှစ် ပြည့်(၁၂)ဦး၊ လဲလှယ် (၁၉)ဦး စုစုပေါင်း(၃၁)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)