မချမ်း‌ဘော့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မချမ်းဘော့  ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို  ကဗျာရွတ် ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။

ကဗျာရွတ်ဆိုပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းနှင့်အညီ ဆောင်ရွက်ပြီး မချမ်း‌ဘော့မြိုနေ ကလေးသူငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်၊ အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍   ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြိုင်ပွဲ၀င် ကလေးငယ်မျာအား  ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုအသီးသီး ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ သုတရသစာအုပ်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူများ စိတ်၀င်တစား ဖတ်ရှုလေ့လာကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)