ခါမ်းပါတ်မြို့တွင် မီးဘေးကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

 

ခါမ်းပါတ်  ဇန်နဝါရီ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးဘေးကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ခါမ်းပါတ်နယ်မြေစခန်းမှ စခန်းတာဝန်ခံ ဦးမြင့်ဇော်က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် အသိပညာပေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အသင့်ရှိနေ ကြောင်းကိုလည်း ယခုလိုပြောကြားခဲ့ပါသည်။

“ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့ပစ္စည်းများ၊ နိုင်ငံတော်ရဲ့ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နဲ့ သဘာဝဘေးအန္တရာယ် အပါ အဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်တဲ့အခါ တာဝန်ယူဆောင်ရွက်ရန်အတွက် ကျွန်တော်တို့မီးသတ်တပ်ဖွဲ့ဝင်တွေက အဆင်သင့်အနေအထားနဲ့ ရှိနေပါတယ်” ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

သားငယ်(ခါမ်းပါတ်)