ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၄၁၆)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကြံခင်း   ဇန်နဝါရီ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၄၁၆)ဦးအား ယနေ့နံနက် (၈)နာရီ ၃၀ မိနစ်အချိန်က ကြံခင်းမြို့နယ် ရွှေပြည်အေး(၁၁)ထပ် ဘုရားကြီးတန်ဆောင်းအတွင်း ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovace ) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၄၁၆)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး (Sinovace )ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုး ပြီးပါကဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက် ပေးကြကြောင်းသိရသည်။

မိုးမိုး(ပြန်/ဆက်)