သတင်းများ

ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်
Jan 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်နိုင်ရေး ဆွေးနွေး
Jan 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြန်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ လူငယ်များနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ခေါင်လန်ဖူးမြို့၌ အရန်သားဖွားများ မွမ်းမံသင်တန်းဖွင့်လှစ်
Jan 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် HPAကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ အရန်သားဖွားများ မွမ်းမံသင်တန်းကို  ခေါင်လန်ဖူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်သို့ နေရပ်အသီးသီးမှ ယာယီလာရောက်နေထိုင် ကြသော တိုက်ပွဲရှောင်ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉နာရီက ရပ်ကွက်နှင့်ကျေးရွာများရှိ ၎င်းတို့နေထိုင်ရာနေရာများသို့သွားရောက်၍  အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ကာလိမြို့၌  ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူ းမြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရပ်ကွက်အလိုက်ပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး‌ေနအိမ်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ရသလမ်းဆုံ စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြောင်းသိရသည်။
လဲချားမြို့နယ် ကျေးရွာအုပ်စု(၃))စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက  ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဝမ်ယိမ်း၊ဖာလံ၊ပန်တန်ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။
အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စက်ရုံရပ်ကွက် မြို့နယ်တရားရုံးတည်ဆောက်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။