သတင်းများ

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအသိပညာပေး Talk Show ပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျန်းမာရေးအတွက် အကျိုးရှိစေရန် တိုင်းရင်းဆေး အသိပညာပေး Talk Show ကို ယမန်နေ့ ၉ နာရီက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
သန်လျင် မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများ စတင်ထုတ်ပေး
Jan 23,2022
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီလ ပင်စင်လစာများအား ဇန်နဝါရီ ၂၁နေ့ နံနက်ပိုင်းက ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီးရရှိရေး အစည်းအဝေးပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တော ကျောင်းတိုက်အတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီး ရရှိရေး ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၃နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။
ကျောက်မဲမြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးခန်းမတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာရှိ ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် ၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှလူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌၂၀၂၁ခုနှစ် ပါဋိပထမပြန်စာမေးပွဲအောင်လက်မှတ်ပေးအပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်  ပါဋိ ပထမပြန်စာမေးပွဲ  မြစ်သားစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူသော စာအောင်သံဃာတော် များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင် ဆုချီးမြှင့်ခြင်းစူဠဘွဲ့နှင်းသဘင် အခမ်း အနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့မွန်းလွဲ(၂)နာရီက မင်းကုန်းကျောင်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ အ‌နေဖြင့် ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ်  အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်အသိပညာပေးနှိုးဆော်ခြင်းကိုဇန်နဝါရီ၂၂ရက်နေ့မွန်းလွဲ၁း၀၀နာရီအချိန်ကကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပွင့်ဖြူမြို့ပေါ် အလယ်ပိုင်း ရပ်ကွက်သို့သွားရောက်ပြီး  Hand  Speaker ဖြင့်အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်း​မြို့၌ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များ ခင်းကျင်းပြသ
Jan 23,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်စာရေးဆရာအသင်းနှင့် စာဖတ်ဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များ ခင်းကျင်းပြသခြင်းကို ဇန်နဝါရီလ(၂၁)ရက် မွန်းလွဲ(၂)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမတွင် စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲကျင်းပ
Jan 23,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပသည်။