အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

အောင်လံ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စက်ရုံရပ်ကွက် မြို့နယ်တရားရုံးတည်ဆောက်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးသောင်းထွေး၊ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က မြို့နယ်တရားရုံး (၉၀x၇၀)ပေ သံကူကွန်ကရစ်(၄)ထပ်ဆောက်လုပ်ခြင်းလုပ်ငန်း မင်္ဂလာပန္နက် တိုင်များရိုက်၍ အမွှေးနံ့သာရည်များပက်ဖျန်းပေး ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)