လဲချားမြို့နယ် ကျေးရွာအုပ်စု(၃))စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား  ဇန်နဝါရီ  ၂၃ 

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက  ယမန်နေ့ မွန်းလွဲ ()နာရီအချိန်က ဝမ်ယိမ်း၊ဖာလံ၊ပန်တန်ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်ဦးစီးမှူးမှ နိုင်ငံသားကတ်နှင့်အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးရခြင်းကို ရှင်းလင်းပြောကြားပေးခဲ့ပြီး  ဒု-လဝကမှူး ဦးစိုင်းမွန်းခေါင်နှင့်အဖွဲ့ဝင်()ဦးတို့မှ  ဝမ်ယိမ်း၊ဖာလံ၊ပန်တန်ကျေးရွာအုပ်စုများအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူ  ကျား(၆၃)ဦး၊မ(၉၄)ဦး စုစုပေါင်း (၁၅၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင် (လဲချား)