သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်

သာစည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ရသလမ်းဆုံ စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရသလမ်းဆုံ စာဖတ်ဝိုင်းတွင်  ကဗျာဆရာဆူးဖြူက  ကဗျာရေးခြင်းနှင့် ကဗျာရေးစဉ် သက်ဝင် ခံစားမှုများကိုဆွေးနွေးပြောကြားပြီး ကိုယ်တိုင်ရေးသားထားသည့် “သေနိုင်ပါရိုးလားလေဘာတီ ရယ်” ခေါင်းစဉ်ဖြင့်ကဗျာကိုရွတ်ဆိုသည်။  ဆက်လက်ပြီး စာရေးဆရာအလင်းချိုက “လူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊    စာရေးဆရာဝေးရင့်သီက သူရှိမှုကိုလေးစားပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာခန့်စစ်အောင်က အိုင်ချလူး(သာစည်)၏ အရှိတရား ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးရွတ်ဆို‌ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသောစာပေဝါ သနာရှင်များက သုတရသစာပေများနှင့်ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)