နမ့်စန်တွင် တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း

နမ့်စန်(တ) ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်သို့ နေရပ်အသီးသီးမှ ယာယီလာရောက်နေထိုင် ကြသော တိုက်ပွဲရှောင်ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉နာရီက ရပ်ကွက်နှင့်ကျေးရွာများရှိ ၎င်းတို့နေထိုင်ရာနေရာများသို့သွားရောက်၍  အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက် ၊ အမှတ်(၄)ရပ်ကွက် ၊  ဝမ်ပုံကျေးရွာအုပ်စု  နှင့် အမှတ်(၅)ကျေးရွာအုပ်စုတို့တွင် ယာယီ လာရောက် နေထိုင်ကြသော တိုက်ပွဲရှောင်ပြည်သူများကိုသွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြား ကာ  တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း(၁၂၈)ဦးအတွက် ဆန်(၁၄) အိတ် ၊ ဆီ (၆)ပုံး ၊ ခေါက်ဆွဲခြောက် (၁၀)ဖာ ၊ ကုလားပဲ ၊ အချိုမှုန့် ၊ ဆား ၊ ဆပ်ပြာ ၊ သွားတိုက်ဆေး ၊ Mask  နှင့် ဆေးဝါးများကို လက်ဝယ် အရောက်သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက် ၊အမှတ်(၄) ရပ်ကွက် ၊ ဝမ်ပုံ ကျေးရွာအုပ်စုရှိ မီးသွေးကုန်းကျေးရွာ ၊ ဝမ်ကျောင်းကျေးရွာ ၊ထင်းရှူးမြိုင်ကျေးရွာ နှင့်  အမှတ်(၅) ကျေးရွာအုပ်စုရှိ အမှတ်(၉)ကျေးရွာတို့တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေရပ် အသီးသီး မှ ယာယီ လာရောက်နေထိုင်ကြသော တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း အိမ်ထောင်စု (၃၆)စု ၊ လူဦးရေ (၁၂၈)ဦးရှိပြီး မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များကလည်း လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးလျှက်ရှိကြောင်းသိရသည်။ 

မြို့နယ် ပြန်/ဆက်