ကာလိ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူ းမြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရပ်ကွက်အလိုက်ပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးေနအိမ်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများ(၁၀၀)ဦး ခန့်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ဆောင်ရွက်ခဲ့ပြီး ပန်းခင်း စီမံချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတို့က လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝင်းကျော်