ခေါင်လန်ဖူးမြို့၌ အရန်သားဖွားများ မွမ်းမံသင်တန်းဖွင့်လှစ်

ခေါင်လန်ဖူး   ဇန်နဝါရီလ   ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် HPAကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ အရန်သားဖွားများ မွမ်းမံသင်တန်းကို  ခေါင်လန်ဖူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 သင်တန်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်မှူး ဒေါက်တာလှိုင်လှိုင်‌ဌေး၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူးဒေါက်တာသန့်ဇင်ထွန်း၊HPA ကျန်းမာရေးအဖွဲ့မှ ဆရာဖုန်လောင်ခေါင်ဇယ်တို့က သင်တန်းသားသင်တန်းသူစုစုပေါင်း (၁၅) ဦးတို့ကို ဇန်နဝါရီ(၂၀)ရက်မှ(၂၂)ရက်အထိသင်တန်းပို့ချပေးလျက်ရှိပြီး  HPA ကျန်းမာရေး အဖွဲ့၏ ပံ့ပိုးမှုဖြင့်  U5,U1-EPI ပုံမှန်တိုးချဲ့ ကလေးကာကွယ်ဆေးနှင့် Covid-19ရောဂါကာကွယ် ဆေးကို ၂၀၂၂ခုနှစ်၊‌ဇန်နဝါရီလမှ မတ်လအထိ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)