သတင်းများ

လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်‌ဆေးဆောင်ရွက်
Jan 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌စေရေးအတွက် ယနေ့နံနက် (၉း၀၀)အချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဥ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။
သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူ များနှင့် ကျောင်း သား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင် ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှ ခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မန်တုံမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  သံလိုက်ဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jan 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၁)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။
သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီ အစဉ် ရိုက်ကူးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိဒေသခံပြည်သူများအားလူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ  ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စုတွင်”ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြော ကွင်းဆင်းဆောင်ရွက်
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊လင်းခေးခရိုင်၊ လင်းခေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့သည်“ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းစစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို(၁၉-၁-၂၀၂၂)ရက်နေ့မှ(၂၁-၁-၂၀၂၂) ရက်နေ့အထိ အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာစုရပ်များအသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများဆောင်ရွက်
Jan 23,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်၉နာရီက ကုလားတို့ကျေးရွာနှင့် တိုးချဲ့ရပ်ကွက်တို့တွင် ကိုဗစ်-၁၉(ဗီဇပြောင်း) အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
လှိုင်​မြို့နယ်တွင် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း စာတွေ့နှင့် လက်တွေ့ဟောပြောပို့ချ
Jan 23,2022
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှု မရှိစေရေးနှင့် စက်သုံးဆီဆိုင်များ မီးလန့်မှု မဖြစ်ပွားနိုင်ရန်အတွက် ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်​​မြို့နယ် အတွင်း၌ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် အခြေခံသဘောတရားများဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူချိန်များကို ဖယ်ရှား၊ကန့်သတ်၊ လျော့ချနိုင်စေရန်ရည်ရွယ်ကာ မီးငြှိမ်းသတ်နည်းစာတွေ့နှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၌ ယမန်နေ့နံနက်၉း၀၀နာရီမှ၁၁း၀၀အချိန်ထိပြုလုပ်ခဲ့သည်။အဆိုပါဟောပြောပို့ချမှု့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဟိန်းအောင်ကျော်က မီးသုံးစွဲမှုများနှင့် မီးသတ်စျေးဘူးအသုံးပြုပုံ၊ မီးသတ်ပစ္စည်းကိရိယာများနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားသည်။