ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ နယ်မြေကွင်းဆင်းဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။