မအူပင်ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြန်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ လူငယ်များနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအဝေးပွဲတွင် ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ပြည်သူများ ၊စာဖတ်ပရိသတ်များ၊ လူငယ်များ စာပေကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ၊ စာပေအသိများမျှဝေ ပေးနိုင်ရန် စာဖတ် ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းတွင်ဆွေးနွေးမှုဖြင့် အသိပညာဗဟုသုတမျှဝေတဲ့နေရာဖြစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဒု-ဥက္ကဌဆရာဦးစိုးက စာဖတ်ဝိုင်းမှ ဆွေးနွေးချက်တိုင်းကို လူငယ်လူရွယ်များ၊ စာပေဝါသနာရှင်များ ပြန်လည်၍မျှဝေပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လစဥ်ကျင်းပနိုင်ရေးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပြောကြားပြီး အစည်းဝေးတွင် စာဖတ်ဝိုင်းကျင်းပမည့် နေ့ရက်အချိန်နှင့် စာဖတ်ဝါသနာရှင်များတက်ရောက်နိုင်ရေးဆွေးနွေး
ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်