Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Book Clubအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Jan 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့၀င်များ၏စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ နေပြည်တော်ကောင်စီအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲကျင်းပမည်
Jan 23,2022
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာ ကာ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင် စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည် တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပျဉ်းမနားမြို့၊ ပေါင်း လောင်းအားကစားခန့်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ရွာတော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ရွာတော် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Jan 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပါလောပါ ကယ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ
Jan 23,2022
မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့ စျေးရပ်ကွက်တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ ကြောင်းသိရသည်။ ထိုသို့စိုက်ပျိုးရာတွင် အာဆီယံသပြေ၊ ကံ့ကော် သပြေ၊ အောင်သပြေ၊ ပတ္တမြားသပြေ စသည့်သပြေပန်းမျိုးစုံ စိုက်ပျိုးထားရှိလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ
Jan 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သဲဖြူ)တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ
Jan 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုကာကွယ်ရန် ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာကို အစားထိုးသုံးစွဲ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးပေးထားသော ထုတ်ချေးငွေနှင့်အတိုးငွေများကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၀နာရီက အရှေ့ငယ်တိုးကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် အရှေ့ငယ်တိုးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21632
Page
21633
Page
21634
Page
21635
Current page
21636
Page
21637
Page
21638
Page
21639
Page
21640
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department